Sunday, August 17, 2008

အလွမ်း ရဲ့ ဆန္ဒ


လွမ်းတယ်ကလေးရယ်
အတွေးတွေ ဘယ်ရောက်ရောက်
အစနဲ့အဆုံး မင်းအကြောင်းပါဘဲ…..မတွေးရဲခဲ့ဘူး……

အဝေးပြေး လမ်းတလျှောက်
ဗီးနပ်စ် ရဲ့ဝိဥာဉ် လွန့်လူးပါလာသလို…
နွေဟာပူပင်မယ့် ငါ့ရင်ထဲ လမင်းသာသလို
အေးမြတယ်……

လင်းလက်နေတဲ့ ကြယ်စင်လေးတွေလဲ
နှလုံးသားရဲ့ မျက်ဝန်းမှာချစ်ရည်တွေစို့တတ်လာပြီလို့
ထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးကို
တိုးတိုးလေးပြောကြတယ်…….

အကန်အသက်ရှိခဲ့တဲ့
ရက်တွေရဲ့ ပြေးလွားမှူမှာ ခိုစီးသွားရင်း
မင်းမျက်ဝန်း ခိုးကြည့်ရတာ…
ငါမြင့်မားတဲ့ တောင်ထိပ်ပေါ်တတ်ရ သလိုပါပဲ….

လေရူးတွေဝေ့နေတဲ့
အချိန်ရာသီမှာ…. ငါ့ရင်ထဲ
လိပ်တတ်လာတဲ့ အချစ်တွေ မျိုချရတာ
စမော့တဲ့ အရက်ခွက် လို ခက်ခဲလွန်းပါတယ်….

ထိုက်တန်သည်မှန်း မသိသေးပေမယ့်
မျှော်မှန်းနေခဲ့တယ် ….
ငါ့မျက်လုံးတွေ စိုလဲ့နေခဲ့တာ…
သင်္ကြန်မိုးလေး သက်သေရှိခဲ့ရဲ့……..

အဲဒီလိုနဲ့…
မှောက်ထားတဲ့ ဖဲချပ်လေး
ဖွင့်ဟလို့….. ငါတို့တွေခွဲခဲ့ကြလေရဲ့….

(၇) ရက်ကာလရဲ့ အပြင်
လွမ်းရိပ်တွေ အပြင်အဆင် လှလို့
ငါသွားတဲ့ နေရာတိုင်း…. မရှိတာသိပေမယ့်
ရှာခဲ့တာ မင်းမျက်ဝန်းတွေပါဘဲ……

ကလေးရယ်………..
တန်ခူးလဆိုတဲ့လ.. လေရူးတွေပွေတဲ့အချိန်
မင်းနဲ့များဆုံခဲ့ရင်…..
ဒီအကြောင်းတွေ အခြေခံလို့..
မင်းကိုချစ်ကြောင်းတွေ ပြောပြချင်ပါရဲ့………….။


၁၆.၄.၂၀၀၇.. မှ ၂၃.၄.၂၀၀၇ ကိုခံစားရေးဖွဲ့ပါသည်….။

0 Comments: