တောင်ညိုမှာပျိုးတဲ့မိုးတွေ
သည်းထန်စွာရိုက်ငို တဟုန်ထိုးလို့
နင့်အပေါ်စိုစွတ်.. ထီးမိုးပေးဖို့
ငါအနားမှာမရှိတဲ့အခါ…….
ဆောင်းနှင်းတဝေေ၀
အေးစက်စွာ စိတ်ပျက်ဖွယ်ညတစ်ညမှာ
နင့်ကိုငါယုယစွာ ထွေးမပွေ့နိုင်ခဲ့တဲ့အခါ….
ပြီးတော့…….
လွမ်းစွက်ဖွယ်… လေရူးသုန်လို့
ပူအိုက်တဲ့ နွေရာသီလေးမှာ
လေညင်းလေးတွေလို ကြည်စယ်
ချိုသာဖွယ်စကားတွေမပြောနိုင်ခဲ့တဲ့အခါ…..
နင့်ကိုငါတကယ်မချစ်ဘူးလို့
နင်ထင်ရင်ထင်လိမ့်မယ်………………..။
ဒါပေမယ့်……
ချို့တဲ့သော လူတစ်ယောက်ရဲ့
လောကဓံရဲ့ မပြေလည်မှူမှာ…..
ပြည့်စုံမှူ မှတ်တမ်းတစ်ခု ကိုပြုစုရင်း….
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့
ညည်းတွားသံ ကြားမှာ…..
ငါ့စိတ်ထဲနင် အမြဲရှိပါတယ်…..။
ချစ်သော လက်တွဲဖော်လေးရဲ့…
ရွှေရုပ်လွာ အပြုံးလှလှကိုမျှော်တွေးရင်း
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာ….
ဝင်းပစွာ ကွန့်မြူးနေလို့………..
ငါစိတ်ထဲနင်အမြဲရှိပါတယ်…….
မိုးစက်တွေ သိပါတယ်…
နှင်းပွင့်တွေ သိပါတယ်…
လေညင်းတွေ သိပါတယ်….
ငါ့စိတ်ထဲ နငိအမြဲရှိပါတယ်…………
ငါ့စိတ်ထဲ နင်အမြဲရှိပါတယ်……………..။
0 Comments:
Post a Comment