တခါက အဘိုးရဲ့ ပြောစကားမှာ
အိမ်တစ်လုံးဟာ သက်ရှိပုံစံနဲ့ တည်ရှိတယ်တဲ့...။
ဦးနှောက်ပိုင်းဆိုင်ရာက အိမ်ထောင်ဦးစီး..
ခြေတွေ လက်တွေ နေရာက အသိုင်းအ၀ိုင်း...
စီးပွားရေးကတော့ နှလုံးသားတစ်ခုလိုတဲ့......။
(ကျွန်တော်တို့ အိမ်လေးကတော့ မွေးရာပါနှလုံးရောဂါ ရှိပုံပါပဲ...)
မင်းအမေက တဗျစ်ဗျစ် တတောက်တောက်မို့
ငါတို့အိမ်လေးမှာတော့ သူမက အိမ်ရဲ့ပါးစပ်ပေါက်လေးတဲ့..။
(ရယ်သံလေးနှောတဲ့ အဘိုးရဲ့ အပြောလေးပေါ့..)
မောင်သာယာ... မင်းတို့လေးတွေက
ကျွေးမွေးပြုစုဆဲ မျှော်လင့်ချက်တွေ စုပြုံထားရတာမို့..
(အပြုံးလေး တစ်ချို့နဲ့ သူ့အပြောက..)
တို့အိမ်ရဲ့.. ငွေစုစာအုပ်လေးတွေ... တဲ့...။
သြော်..... အဲဒီထဲက
ကျွန်တော်ဟာ.. အိမ်မက်ဘဏ်ကြီးထဲမှာ
အဘိုးရဲ့ ငွေစုစာအုပ်လေး ဖြစ်နေခဲ့ရပေါ့....။ ။
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
3 years ago
3 Comments:
1111111111111111111111111111111111111
အရိုးခြောက်ဖြစ်အောင်မကျင့်နဲ့နော်..စာလဲကြည့်
ကောင်း ကကွာ ....
တော်တော် ကို တော် လာ ပါ့ ရော ...
ဂွတ်ထ ဂွတ်ထ
Post a Comment