Wednesday, September 2, 2009

အနိုင်းမဲ့ လက်ဆောင်မွန်

ကျွန်မ ငယ်ရွယ်စဉ် ကလေးဘ၀က "ကျွန်မရဲ့ အစ်မနှစ်ယောက်က ကျွန်မရဲ့ သူငယ်ချင်းကောင်းတွေ ဘယ်လိုများ ဖြစ်လာနိုင်မှာလဲ"ဆိုသော အတွေးကြောင့် ခေါင်းခြောက်ခဲ့ရ၏။ ယနေ့တွင်မှူ ထိုနှစ်ယောက်မှလွဲ၍ ကျွန်မအတွက် ပိုကောင်းသော သူငယ်ချင်းမျိုး မရှိနိုင်တော့ပါ....

ကျွန်မငါနှစ်သမီး အရွယ်တုန်းကပေါ့။ အမေက မီးဖိုချောင်ကြမ်းပြင်ကို တိုက်ချွတ်နေတုန်း ကျွန်မက ကျောင်းကို အသစ်ရောက်လာတဲ့ ကျောင်းသူလေးအကြောင်း ပြောပြနေခဲ့တယ်။ ထိုစဉ် အမေက ကျွန်မကို ရုတ်တရက် စိုက်ကြည့်ပြီး မေးခွန်းတစ်ခု မေးပါတယ်။ "သမီးရဲ့ အကောင်းဆုံး သူငယ်ချင်းနှစ်ယောက်က ဘယ်သူလဲ" တဲ့...။
ကျွန်မ အမေရဲ့ မေးခွန်းကို ဖြေဖို့ ရုတ်တရက် မသေမချာ ဖြစ်သွားခဲ့တယ်။ ကျွန်မ သုံးနှစ်သမီး အရွယ်က ဂျေးလ်(Jill)နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ ခုသူငယ်တန်းတတ်နေစဉ် ကျောင်းမှာတော့ သူငယ်ချင်း ဂျေမီ(Jaime)ကို နှစ်သက်၏။
"ဂျေးလ် နဲ့ ဂျေမီ ပါ" ဟု ကျွန်မပြောလိုက်ပါတယ်။
အမေဟာ ကြမ်းတိုက်နေတာကို ရပ်လိုက်ပါတယ်။ ပြီးနောက် သူမရဲ့ သန့်ရှင်းရေလုပ်ရာမှာ အသုံးပြုတဲ့ လက်အိပ်အ၀ါတွေကို ချွတ်လိုက်ပြီး " ကောင်းပြီ၊ ဒါဆို သမီးအစ်မတွေ ဖြစ်တဲ့ ကရမ်(Karen) နဲ့ စင်ဒီ(Cindy) တို့ကရော"
"ကျွန်မရဲ့ အစ်မတွေလား.. သူတို့ရဲ့ သူငယ်ချင်းကောင်းတွေက ဘယ်သူတွေလဲ ကျွန်မ မသိဘူးလေ"
"မဟုတ်ဘူးလေ.. အမေပြောတာက သူတို့ကရော သူမီးရဲ့ သူငယ်ချင်းကောင်းတွေ မဟုတ်ကြဘူးလား လို့မေးတာ" ဟု အမေက ဘ၀င်မကျလှသလို ပြန်မေးခဲ့ပါတယ်။ "'ဒါပေမယ့် သူတို့တွေက ကျွန်မရဲ့ အစ်မတွေလေ" ကျွန်မလဲ အမေရဲ့အဲဒီလို ပုံစံကို စိတ်ရူပ်စွာနဲ့ ပြန်ဖြေခဲ့ပါတယ်။
"ဟုတ်ပါတယ်.. ဒါပေမယ့် သူတို့တွေက သမီးရဲ့သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်တယ်လေ.. သမီးရဲ့ သူငယ်ချင်းတွေက တချိန်မှာ သမီးကို စွန့်ခွာသွားနိုင်တယ်.. သမီးရဲ့အစ်မတွေကတော့ သမီးကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ပါဘူး"
တချိန်ထဲမှာပဲ ကျွန်မဟာ အစ်မနှစ်ယောက်ကို အနီးကပ်ဆုံး သူငယ်ချင်ကောင်းတွေအဖြစ် လက်ခံဖို့စိတ်ကူးဟာ တော်တော်စိမ်းနေပါတယ်။ ကျွန်မတို့ဟာ အချိန်တိုင်း ကစားစရာတွေအပေါ်၊ အစားအသောက်တွေအပေါ်၊တီဗွီအစီအစဉ် ဘယ်အစီအစဉ်ကို ကြည့်မယ် စသဖြင့် သဘောထားကွဲလွဲမှူတွေနဲ့ ရန်ဖြစ်နေခဲ့ကြတာ မလား။ ဘယ်လိုလုပ် ကျွန်မ အစ်မတွေက ကျွန်မရဲ့သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်မှာလဲ? သူတို့တွေကလဲ ကျွန်မနှင့် အသက်တူကြသည်လည်းမဟုတ်။ ကျွန်မတို့အသီးသီမှာလည်း ကျောင်းတွင် သူငယ်ချင်းကိုယ်စီ ရှိပြီးသားပင် မဟုတ်ပါလား။
ဒါပေမယ့် အမေ ဟာ ကျွန်မတို့ သုံးယောက်ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်တယ်လို့ လက်မခံတဲ့ ကိစ္စကို ခွင့်မပြုပါဘူး။ မင်းတို့ ညီးမတွေဟာ ဘ၀တစ်လျှောက်လုံးတွက် သူငယ်ချင်းကောင်းတွေပဲ ဆိုတဲ့ စကားကို အမြဲပြောခဲ့ပါတယ်။ သူမရဲ့ ဆန္ဒကတော့ တခြားမိဘတွေလိုပါပဲ သူမရဲ့ဘ၀မှာ မရှိခဲ့တဲ့ အရာတွေ၊ ခံစားမှူတွေကို ကျွန်မတို့ကိုပေးချင်တာပါ။ အမေဟာ ငယ်စဉ်က တဦးတည်း ကြီးပြင်းခဲ့ရပြီး မောင်နှမသားချင်းကို အလွန်လိုချင်ခဲ့တာလေ။ လေးနှစ်တာကာလအတွင်းမှာပဲ သမီး ၃ ယောက်မွေးခဲ့ပြီးသော အခါမှသာလျှင် သူမရဲ့စိတ်ကူးကို ပြည့်စုံစေမှူ စခဲ့ပါတယ်။
"အမေ သမီးတို့အသီးသီးကို လက်ဆောင်ကောင်းတွေ ပေးခဲ့ပြီးပြီး၊ အဲဒါကတော့ တော့ သမီးတို့ရဲ့ အစ်မ၊ညီမတွေဆိုတဲ့ သူငယ်ချင်းကောင်းတွေပါပဲ၊ ကဲ.. သမီးတို့ ဘယ်လောက်ကံကောင်းကြလဲ၊ လက်ဆောင်ကောင်းတွေ အသီးသီး ရထားကြတယ်" _ ဆိုတဲ့ စကားတွေဟာ အမေ အမြဲပြောနေကြ စကားတွေပါ။ ဒါပေမယ့် ကျွန်မတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြတယ်ဆိုတာကိုတော့ သိပ်ဘ၀င်မကျ ကြပါဘူး။ တကယ်တော့ အမေဟာ ကျွန်မတို့သုံးယောက်ကို နီးနီးကပ်ကပ်နဲ့ ရင်နှီးစွာကြီးပြင်လာကြ စေလိုတာပါ။ အမေဟာ ကျွန်မတို့ သုံးယောက်ကို ဘယ်သူကို ပိုချစ်တယ် အလေးထားပါတယ်ဆိုတဲ့ အမူအရာမျိုး ဘယ်သောအခါမှ မပြခဲ့ပါဘူး။ ထိုကိစ္စကြောင့် ညီအမ သုံးယောက်အတွင်းမှာ မနာလိုမှူတေ၊ အဆင်မပြေမှူတွေ ဖြစ်ပေါ်လာမှာကို သူမ မလိုလားပါဘူး။ ရေခဲပြင် စကိတ်စီးတာ၊ ဈေးဝယ်တာ၊ ရေကူးတာကအစ ကျွန်မတို့ မိသားစု တစ်စုလုံး အတူတကွပြုလုပ်စေခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေဟာ စုပေါင်းညီညာသော မိသားစုပုံစံမျိုး အလေ့အကျင့်များ ရှင်သန်လာခဲ့ကြပါတယ်။ ဒါအပြင် ကျွန်မတို့ ဆယ်ကျော်သက်အရွယ် ရောက်ရှိသောအခါမှာ အမေဟာ စည်းကမ်းတကျ သေသေ၀ပ်ဝပ်နဲ့ ရင်းရင်းနှီးနှီးရှိစေရန် အခြားသော မိသားစုများ၏ ဖြစ်ရပ်များကို အခြေခံပြီး ဆုံးမပြောဆိုတတ်ပါတယ်။
ကျွန်မတို့ဟာ အမေ ဖြစ်စေချင်တဲ့အတိုင်း အမြဲတမ်းတော့ မဖြစ်ခဲ့ကြပါဘူး။ တခြားမောင်နှမသားချင်းများ ကဲ့သို့ပင် စကားများ ငြင်းခုံတတ်ပါတယ်။ ဒါပေမယ့် အမေ ဆုံးမစကားပြောနေသော အချိန်များ၊ မိသားစု စုံစုံလင်လင်ရှိသော အားလပ်ရပ်များ၊ အမှတ်ရဖွယ်ကိစ္စရပ်များ ပြောကာ စကားလက်စုံကြသော အချိန်မျိုးများတွင်တော့ အမေ ပြောသော "မင်းတို့ကို လက်ဆောင်ကောင်းတွေ ပေးခံပြီးပြီ" ဟူသော စကားများဟာ မှန်တယ်လို့ ခံစားတတ်လာကြပါတယ်။
ဒီနေ့မှာဆိုရင်ဖြင့် ကျွန်မဟာ ဘယ်သူနဲ့မှ မလုပ်ခဲ့ဖူးသော ကိစ္စရပ်များကို ကျွန်မအမတွေနဲ့အတူ လုပ်ဆောင်ခဲ့ပါပြီ။ နယူးရော့ခ်မြို့တော်တွင် ကျင်းပသော မာရသွန်ပြေးပွဲမှာ ကျွန်မဟာ အစ်မဖြစ်သူ စင်ဒီ(Cindy) နဲ့အတူ လက်ခြင်းဆက် ဘေးချင်းကပ်ကာ အတူပြေးခဲ့ပါတယ်။ ကျွန်မတို့တွေ ပန်းဝင်ပြီးတဲ့အထိမှာတောင် လက်ခြင်းမဖြုတ်ခဲ့ကြပါဘူး။ ကျွန်မအစ်မ တစ်ယောက်ဖြစ်သူ ကရမ်(Karen)အိမ်ထောင်ကျသော အခါမှာလည်း သူမ၏အိမ်၌ အိမ်ဖော်တယောက်လို အစစအရာအရာ ကူညီမှူပေးခဲ့ပါတယ်။ စင်ဒီ(Cindy)နှင့်အတူ ဥရောပသို့ အတူတူ ခရီးထွက်ခဲ့ကြပြီး တိုက်ခန်တစ်ခန်းထဲမှာပဲ နှစ်နှစ်တာကာလ အတူတကွ နေထိုင်ခဲ့ကြပါတယ်။ ကျွန်မတို့သုံးယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကျွန်မတို့ရဲ့ တန်ဖိုးကြီးလှတဲ့ လျှို့ဝှက်ချက်နဲ့အတူ ယုံကြည်အားကိုးခဲ့ကြပါတယ်။
"မင်းရဲ့ အကောင်းဆုံးသော သူငယ်ချင်းနှစ်ယောက်က ဘယ်သူတွေလဲ"ဟု အမေ ပထမဆုံး မေးခဲ့သော အချိန်မှ ခုဆိုလျှင် ၂၃ နှစ်ကြာခဲ့ပြီ။ ဒီနေ့တွင်မှူ ထိုစကားကို အမေ မေးနေရန် မလိုတော့ကြောင့် သူမသဘောပေါက်ပါလိမ့်မည်။ ကျွန်မတို့သုံးယောက် သူမ ဖြစ်စေချင်ခဲ့သော သူငယ်ချင်းကောင်းတွေ ဖြစ်နေကြပြီ မဟုတ်ပါလား။

Christine Many ၏ The Greatest Gift ကို ဘာသာပြန်ဆိုပါသည်...။

2 Comments:

Kiki (ခိခိ) said...

ကောင်းလိုက်တဲ့ပုံပြင်...
မတောင်းပဲရထားတဲ့ အကောင်းဆုံးလက်ဆောင်တွေပါပဲ။ "ရန်မဖြစ်ရင် မိတ်ဆွေမဖြစ်သေးဘူး"ဆိုတဲ့ တရုတ်စကားပုံလိုပဲ ရန်ခဏခဏဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေ ပိုချစ်ကြတာနေမယ်။ :)

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog