ဆုံမှတ်တခု ရဲ့လမ်းခွဲ
ငါမရလိုက်တဲ့ ပျော်ရွှင်ခြင်းတွေအတွက်
ဝမ်းနည်းဖို့လဲ မလိုတော့ဘူး ထင်ပါရဲ့
အိပ်မက်တွေကို သတ်တိုင်းသာ
တရားခံဆို ပုဒ်မ ၃၀၂ နဲ့ ငြိခဲ့တာကြာပြီ
ခဏခဏ သေဆုံးခဲ့ရတဲ
ငါ့အိပ်မက်တွေကိုသာ အသုဘချခွင့်ရှိခဲ့ရင်
နင်လိုက်ပို့ရလို့ဆုံးမှာကို မဟုတ်တော့ဘူး
ရပ်တန့်ဖို့အတွက်မှတ်တိုင်ကို
ဆက်လျှောက်ဖို့
အင်အားတမျှင်တောင် မရှိတော့ဘူး
ဤသို့ဖြင့်
နှင်းများနီ၍
ပျားရည်များခါးသော
ငါ့ရဲ့အသဲကွဲခန်း
ကြယ်စင်များပါ ငိုကြွေးကြကုန်၏။
...ဟန်နီ....
0 Comments:
Post a Comment