Tuesday, March 24, 2009

မချစ်ထိုက်သူ

ဆူးလမ်းတွေ ချခင်း
ငါ့ကို နင်းစေတဲ့သူ


ရက်စက်ခြင်းတွေကို အစပျိုး
ဒါဏ်ရာနက်နက် ထွင်းရက်ခဲ့သူ

မျှော်လင့်ချက်တွေကို ရိုက်ချိုး
ငါ့အား အမုန်းမီးတိုက်ခဲ့သူ

နာကျည်းမူ့ တွေကို ချကျွေး
သွေးမျက်ရည်တွေ စီးစေတဲ့သူ

အိမ်မက်ဆိုးတွေကို စေညွန်း
ငါ့ကို အဆိပ်ခတ် သတ်ခဲ့သူ

တကယ်တော့
နင်ဟာ ငါ့အတွက်

မချစ်ထိုက်သူ”


@ယုန်ကလေး@

0 Comments: