နွေ မိုး ဆောင်း အပြောင်းအလဲ များလဲ
မသွေမစောင်းပဲ ကျွန်တော်ခြေထောက်တွေ
အစိမ်းရောင်ကြက်ပေါင်ဖိနပ်တရံနဲ့ အမြဲလျှောက်ဖြစ်တယ်
လူတကာပြောနေတဲ့ ဖောင်းပွစာရင်းဝင်
အချစ်ဆိုတဲ့စကားကို ကျွန်တော်က အသက် ၂၀ ကျော်တာတောင်
နဝေတိန်တောင်နဲ့ ပြက်ရယ်ဆဲလေ…
ဒါပေမယ့်
နှလုံးသား အနွေးထည်ချွတ်ပြီးနောက် ထီးဆောင်းတဲ့တစ်နေ့မှာ
မှိုင်းညို့နေတဲ့ တိမ်တွေကိုကျွန်တော်ငေးရင်းပေါ့
ရိုက်သံသဲ့သဲ့ကြောင့် တစ်နေရာ ငေးဖြစ်တယ်...
သူမကမျက်ရည်တွေနဲ့… မြက်ခင်းစိမ်းတစ်ခုပေါ်မှာ
သူ့ဘေးကကောင်လေးကို အခါခါမိုးခြိမ်းသွားလိုက်တာ………
နင်မချစ်လဲ ငါချစ်တယ်……………………တဲ့
ဘာမှမမြင်တော့……. ဘယ်နှစ်ခါလဲခဲ့လည်း မသိ
ခြေဗလာနဲ့ ကျွန်တော် ရပ်မိချိန်မှာ
အသက်ရူခက်လောက်အောင် နှလုံးသားက တုန်ခါနေလေရဲ့………
ဒီလိုနဲ့....
မြက်ခင်းစိမ်းတွေသွေ့ခြောက်
ကျွန်တော်တောင် ကတ္တီပါဖိနပ်တရံနဲ့
လွမ်းသူ့ပန်းခွေဆန်ဆန် မြက်ခြောက်တွေနဲ့အတူ
မိုးသံနဲ့ ရိုက်သံသဲ့သဲ့ကို လွမ်းတတ်ခဲ့ပြီ……….
စိတ်ကလဲ မျှော်လင့်ချက်တစ်ချို့နဲ့
လူတကာ တံထွေးပင်လယ်ထဲ ရွက်လွင့်ကောင်းဆဲ
နုတ်ဖျားကလဲ အခါခါရေရွတ်ဆဲ
သူမကိုတွေ့ရင် ပြောရမယ်……လေ..
“ချစ်မိသွားတယ်… နင်မချစ်လဲ ငါချစ်တယ်”
0 Comments:
Post a Comment