Saturday, February 28, 2009

အမေသို့

ပညာမတတ်ဘူး
ဂုဏ်ဓနပစ္စည်းဥစ္စာလဲ မကြွယ်ခဲ့ပေမယ့်
မျက်နှာထားကြည်ကြည် ရိုသားဖြူစင်တဲ့
အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ်
၁၉၉၀ ခုနှစ်က ကျွန်တော် မှတ်မိခဲ့တဲ့ အမေရယ်လေ…

တောဓလေ့အရ စာတတ်ရင် ဖြစ်ပြီလို့
ထင်ခဲ့တဲ့သူမက သားတွေ ရမှ…
ရှေ့ရေးအတွက် မူလတန်းသာသာ ပညာရေးလေးနဲ့
စက်ချူပ်ပညာသင်ခဲ့သတဲ့………..

အစာအိမ်ရောဂါ နဲ့ ဆေးရုံးတတ်ခဲ့ဖူးပေမယ့်
အချိန်မှန်မစားနိုင်ပဲ သားတွေထမင်းစား ချိန်မှာ
မအားမလပ် အ၀တ်ဒီဇိုင်းတွေ ပုံဖော်ရင်းက….
အရိုးနွင် ပေးခဲ့တဲ့ သူမလေ….

ကပ်ကြေးသံ တရွပ်ရွပ်နဲ့
သားတွေစာကျက်သံ နားထောင်ရင်းက
မင်းတို့ ဘွဲ့ဓာတ်ပုံကြီးတွေ အိမ်နံရံမှာကပ်ချင်သေးတယ်လို့
မကြာမကြာလှမ်းပြောတတ်သေးတယ်….

နေ့မအိပ် ညမအိပ် စက်ချူပ်သံတဂျူံးဂျူံးနဲ့
အလုပ်တွေ ကြိုးစားလုပ်ရင်း သူစုထားတဲ့ ချွေးနည်းစာလေးနဲ့…
ကျွန်တော်တို့ ၁၀ တန်းတုန်းက
ဘော်ဒါဆောင်တောင် ထားချင်သေးသတဲ့……….

သားတွေအတွက် ဂရုဏာ မေတ္တာတွေ ပေးရင်း
နှစ်အတော်အကြာ ပင်ပန်းခဲ့တဲ့အမေရယ်လေ..
၂၀၀၅ ခုနှစ်တုန်းက မဟာသိပ္ပံ တတ်ရောက် ခွင့်ရှိတဲ့
ကျွန်တော့်ရဲ့ ဘွဲ့လက်မှတ်ကြီး ကိုင်ပြီး
ကျေးဇူးတင်တယ်သားရယ်လို့ ပြောတတ်သေးတယ်……

စီးပွားရေးလေး အခြေကျလာလို့
နားပါတော့အမေရယ်လို့ ၀ိုင်းပြောတာတောင်
စက်ချူပ်သံကြားက မျက်မှန်ကလေးပင့်ရင်း…
မင်းတို့ မိန်းမယူရင် တာဝန်ကြေချင်သေးတယ်တဲ့

၁၈-နှစ်တိုင်တိုင် အ၀တ်လှလှတွေ ပုံဖော်ရင်း
သားတွေဘ၀လှအောင်ပါ တည်ဆောက်ခဲ့တဲ့ အမေလေ
သူမရင်ဘက်မှာ ရွှေဆွဲကြိုးကြီးကြီး မကပ်ခဲ့ပေမယ့်
ချွေးမကိုတော့ ၀တ်စေချင်သောသူမသည်…..
မြေး မြစ်တွေ ကြား လှပနေအုံးတော့ မည်………….။ ။


ကျွန်တော်အမေမွေးနေ့တုန်းက ကျွန်တော်ရည်းစူးရေးပေးခဲ့တဲ့ ကဗျာလေးပါ.....။

2 Comments:

တေလေ said...

ကောင်းတယ်ဟေ့.. လာပြီးခံစားပေးသွားတယ် ...
အကြိုက်ဆုံးဘဲကွာ...

ဇီးကုန်းသာယာ said...

ဟုတ်ကဲ့ ... ကျေးဇူးပါ... :)