Saturday, February 28, 2009

ခြေရာတွေခြားသွားတဲ့ နွေဦးကောက်ကြောင်း

ငေးကြည့်နေရင်းက

သူမရဲ့ ရယ်သံလွင်လွင်လေးထဲ .. ကျွန်တော်က

လက်ကျန် တန်ဖိုးသဲ့သဲ့လေးနဲ့ ပျော်ဝင်ပစ်လိုက်တယ်


သာယာ လိုက်တာ

မင်းရယ်သံတွေထဲ ဂီတသံစဉ်တွေစိမ့်ဝင်နေလို့လား…

အို…………….သူမအသက်ရူပုံကလဲ..

ညင်သာလိုက်တာ……လေ….


သံစဉ်တွေအထပ်ထပ်နဲ့ အိပ်မွေချခံရသလို ..

ကျွန်တော်လဲသူမနဲ့အတူ.. မြူးထူစွာ.

အားပေးသူ သစ်ရွက်တွေကြား ပျော်မွေ့

“က”ပစ်လိုက်တယ်……..


ရပ်မိရပ်ရာ ရပ်မိတော့

ဘယ်ရောက်နေမှန်းမသိတော့

ကမ်းကုန်အောင် အိပ်ပျော်ခဲ့တဲ့ကောင်လေ

နိုးထလာတော့ ….. သူမရဲ့ ရယ်သံတွေက

ခြေရာတွေခြားလို့ သံစဉ်တွေ ပြောင်းသွားပြီ…….


ဟောဗျာ……

ဒီမောင်ရဲ့ ဈာပနတွက် …….တဲ့

သစ်ရွက်တွေ မြေမှာခလို့…… ဘ၀တစ်ပါးရောက်

နွေခေါင်ခေါင်တောင် ရောက်နေပါပြီးကော….


ဒီလိုနဲ့….

ကျွန်တော်လဲ လေပြေတွေကြား

အပူဓာတ်တွေနဲ့ လေရူးတွေ လွင့်ထုတ်လို့

ကိုယ့်ဘာသာ ပူဆွေး အလွမ်းတွေ ဖြေနေလိုက်တော့တယ်……။ ။

0 Comments: