Friday, March 27, 2009

ခံစားမှူ့တခု၏ သေဆုံးခြင့်း

ဆုံမှတ်တခု ရဲ့လမ်းခွဲ
ငါမရလိုက်တဲ့ ပျော်ရွှင်ခြင်းတွေအတွက်
ဝမ်းနည်းဖို့လဲ မလိုတော့ဘူး ထင်ပါရဲ့

အိပ်မက်တွေကို သတ်တိုင်းသာ
တရားခံဆို ပုဒ်မ ၃၀၂ နဲ့ ငြိခဲ့တာကြာပြီ
ခဏခဏ သေဆုံးခဲ့ရတဲ
ငါ့အိပ်မက်တွေကိုသာ အသုဘချခွင့်ရှိခဲ့ရင်
နင်လိုက်ပို့ရလို့ဆုံးမှာကို မဟုတ်တော့ဘူး

ရပ်တန့်ဖို့အတွက်မှတ်တိုင်ကို
ဆက်လျှောက်ဖို့
အင်အားတမျှင်တောင် မရှိတော့ဘူး

ဤသို့ဖြင့်
နှင်းများနီ၍
ပျားရည်များခါးသော
ငါ့ရဲ့အသဲကွဲခန်း
ကြယ်စင်များပါ ငိုကြွေးကြကုန်၏။

...ဟန်နီ....



Tuesday, March 24, 2009

မချစ်ထိုက်သူ

ဆူးလမ်းတွေ ချခင်း
ငါ့ကို နင်းစေတဲ့သူ


ရက်စက်ခြင်းတွေကို အစပျိုး
ဒါဏ်ရာနက်နက် ထွင်းရက်ခဲ့သူ

မျှော်လင့်ချက်တွေကို ရိုက်ချိုး
ငါ့အား အမုန်းမီးတိုက်ခဲ့သူ

နာကျည်းမူ့ တွေကို ချကျွေး
သွေးမျက်ရည်တွေ စီးစေတဲ့သူ

အိမ်မက်ဆိုးတွေကို စေညွန်း
ငါ့ကို အဆိပ်ခတ် သတ်ခဲ့သူ

တကယ်တော့
နင်ဟာ ငါ့အတွက်

မချစ်ထိုက်သူ”


@ယုန်ကလေး@

Wednesday, March 4, 2009

မျှော်တိုင်းခေါင်တဲ့မိုး

“နေ” တစ်ချက် ...... “လ” တစ်ချက်
နည်းနည်းလောက်တော့ တိုင်ပင်ပါဦးလေ...
ဗုံ နဲ့ ဖွဲ့တဲ့ “တေး”...........
ရလဒ်ကို စောင့်နေတာ.........

တယောသံတွေ တစ်ရွက်ပြီးတစ်ရွက်
စိုင်းပြီးထွက်သွားကြပြီ......................................

သြော်........ သူမကတော့ ပိန်လိုက်ဖောင်းလိုက်
ဒိုင်ခွက်အဟောင်းက အခုထိ မပြောင်းသေးဘူး............

မျက်နှာကျက်အမိုးရဲ့ ငြိမ်းချမ်းမှုက
ငါ့ကြမ်းပြင်ကို ပက်ကြားအက်စေပြန်ပြီ.............

“အိပ်မက်”
တစ်ခါတည်းမက်ခဲ့တဲ့ တစ်သက်စာအိပ်မက်
ဖြစ်လိမ့်နိုးနိုးတောင်းတခဲ့တဲ့ “အိပ်မက်”
သူမကသာ ပိန်လိုက်ဖောင်းလိုက်
ကျုပ်အိပ်မက်က အခုထိပြန်မလာသေးဘူး........

နေ့လဲနေ့မို့ ....... ညလည်းညမို့
နှုတ်မဟပဲ ငေးရီ................................

အနောက်တောင်တမာန်တော်ရေ...
မင်းကုပ်ဆွဲထုတ်ယူသွားတဲ့ ကောက်ရိုးတစ်စ
အခုပြန်လာပေးဦး.... ပြန်လာပေးချေဦး.......

အဲဒါ ငါသိမ်းဆည်းယုယထားတဲ့ ငါ့အိပ်မက်...
အက်ရှရှအသံအိမ်ကို မော့တင်
ပြန်မက်စရာမလိုတဲ့ အိပ်မက်ကို
မုတ်သုန်နဲ့ ယူသွားခဲ့ဘူးတယ်လေ..........

အခုမှ မသိသလိုနဲ့
အုံ့ရုံတောင် မအုံ့ပေးဘူး.......
စိုင်းရုံတောင် မစိုင်းပေးဘူး......
မတရားဘူး.... နွေဥသြလည်းမောနေပြီ....

ပြန်ပေးတော့ .... ကဆုန်...
နင်ယူသွားတဲ့ .... ငါ့အိပ်မက် ကောက်ရိုး.... ပြန်လာပေးဦး..

ငါ့ ပက်ကြားအက်တွေနဲ့.... ငါ့ ဗုံသံနဲ့...
ငါ့ စပါးနှံနဲ့ ..... ငါ့ လွန်ဆွဲပွဲတွေနဲ့.....

သြော်..... ဘယ်တော့များလည်း ကဆုန်ရယ်................

(နေနှင်းစက်)

Saturday, February 28, 2009

အမေသို့

ပညာမတတ်ဘူး
ဂုဏ်ဓနပစ္စည်းဥစ္စာလဲ မကြွယ်ခဲ့ပေမယ့်
မျက်နှာထားကြည်ကြည် ရိုသားဖြူစင်တဲ့
အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ်
၁၉၉၀ ခုနှစ်က ကျွန်တော် မှတ်မိခဲ့တဲ့ အမေရယ်လေ…

တောဓလေ့အရ စာတတ်ရင် ဖြစ်ပြီလို့
ထင်ခဲ့တဲ့သူမက သားတွေ ရမှ…
ရှေ့ရေးအတွက် မူလတန်းသာသာ ပညာရေးလေးနဲ့
စက်ချူပ်ပညာသင်ခဲ့သတဲ့………..

အစာအိမ်ရောဂါ နဲ့ ဆေးရုံးတတ်ခဲ့ဖူးပေမယ့်
အချိန်မှန်မစားနိုင်ပဲ သားတွေထမင်းစား ချိန်မှာ
မအားမလပ် အ၀တ်ဒီဇိုင်းတွေ ပုံဖော်ရင်းက….
အရိုးနွင် ပေးခဲ့တဲ့ သူမလေ….

ကပ်ကြေးသံ တရွပ်ရွပ်နဲ့
သားတွေစာကျက်သံ နားထောင်ရင်းက
မင်းတို့ ဘွဲ့ဓာတ်ပုံကြီးတွေ အိမ်နံရံမှာကပ်ချင်သေးတယ်လို့
မကြာမကြာလှမ်းပြောတတ်သေးတယ်….

နေ့မအိပ် ညမအိပ် စက်ချူပ်သံတဂျူံးဂျူံးနဲ့
အလုပ်တွေ ကြိုးစားလုပ်ရင်း သူစုထားတဲ့ ချွေးနည်းစာလေးနဲ့…
ကျွန်တော်တို့ ၁၀ တန်းတုန်းက
ဘော်ဒါဆောင်တောင် ထားချင်သေးသတဲ့……….

သားတွေအတွက် ဂရုဏာ မေတ္တာတွေ ပေးရင်း
နှစ်အတော်အကြာ ပင်ပန်းခဲ့တဲ့အမေရယ်လေ..
၂၀၀၅ ခုနှစ်တုန်းက မဟာသိပ္ပံ တတ်ရောက် ခွင့်ရှိတဲ့
ကျွန်တော့်ရဲ့ ဘွဲ့လက်မှတ်ကြီး ကိုင်ပြီး
ကျေးဇူးတင်တယ်သားရယ်လို့ ပြောတတ်သေးတယ်……

စီးပွားရေးလေး အခြေကျလာလို့
နားပါတော့အမေရယ်လို့ ၀ိုင်းပြောတာတောင်
စက်ချူပ်သံကြားက မျက်မှန်ကလေးပင့်ရင်း…
မင်းတို့ မိန်းမယူရင် တာဝန်ကြေချင်သေးတယ်တဲ့

၁၈-နှစ်တိုင်တိုင် အ၀တ်လှလှတွေ ပုံဖော်ရင်း
သားတွေဘ၀လှအောင်ပါ တည်ဆောက်ခဲ့တဲ့ အမေလေ
သူမရင်ဘက်မှာ ရွှေဆွဲကြိုးကြီးကြီး မကပ်ခဲ့ပေမယ့်
ချွေးမကိုတော့ ၀တ်စေချင်သောသူမသည်…..
မြေး မြစ်တွေ ကြား လှပနေအုံးတော့ မည်………….။ ။


ကျွန်တော်အမေမွေးနေ့တုန်းက ကျွန်တော်ရည်းစူးရေးပေးခဲ့တဲ့ ကဗျာလေးပါ.....။

ခြေရာတွေခြားသွားတဲ့ နွေဦးကောက်ကြောင်း

ငေးကြည့်နေရင်းက

သူမရဲ့ ရယ်သံလွင်လွင်လေးထဲ .. ကျွန်တော်က

လက်ကျန် တန်ဖိုးသဲ့သဲ့လေးနဲ့ ပျော်ဝင်ပစ်လိုက်တယ်


သာယာ လိုက်တာ

မင်းရယ်သံတွေထဲ ဂီတသံစဉ်တွေစိမ့်ဝင်နေလို့လား…

အို…………….သူမအသက်ရူပုံကလဲ..

ညင်သာလိုက်တာ……လေ….


သံစဉ်တွေအထပ်ထပ်နဲ့ အိပ်မွေချခံရသလို ..

ကျွန်တော်လဲသူမနဲ့အတူ.. မြူးထူစွာ.

အားပေးသူ သစ်ရွက်တွေကြား ပျော်မွေ့

“က”ပစ်လိုက်တယ်……..


ရပ်မိရပ်ရာ ရပ်မိတော့

ဘယ်ရောက်နေမှန်းမသိတော့

ကမ်းကုန်အောင် အိပ်ပျော်ခဲ့တဲ့ကောင်လေ

နိုးထလာတော့ ….. သူမရဲ့ ရယ်သံတွေက

ခြေရာတွေခြားလို့ သံစဉ်တွေ ပြောင်းသွားပြီ…….


ဟောဗျာ……

ဒီမောင်ရဲ့ ဈာပနတွက် …….တဲ့

သစ်ရွက်တွေ မြေမှာခလို့…… ဘ၀တစ်ပါးရောက်

နွေခေါင်ခေါင်တောင် ရောက်နေပါပြီးကော….


ဒီလိုနဲ့….

ကျွန်တော်လဲ လေပြေတွေကြား

အပူဓာတ်တွေနဲ့ လေရူးတွေ လွင့်ထုတ်လို့

ကိုယ့်ဘာသာ ပူဆွေး အလွမ်းတွေ ဖြေနေလိုက်တော့တယ်……။ ။